စလော့ RTP အလုပ်လုပ်ပုံ — ၎င်းသည် သင့်လောင်းကြေးငွေအတွက် အဘယ်ကြောင့်အရေးကြီးသနည်း
RTP သို့မဟုတ် Return to Player (ကစားသမားဆီသို့ ပြန်ပေးငွေ) ဆိုသည်မှာ စလော့ဂိမ်းတစ်ခုကို ရေရှည်ဆော့ကစားနေသည့် ကစားသမားများအား လောင်းကစားထားခဲ့သည့် လောင်းကြေးငွေ၏ သတ်မှတ်ထားသော ရာခိုင်နှုန်းတစ်ခုကို အနိုင်ရငွေအဖြစ်ပြန်ပေးခြင်းဖြစ်သည်။ စလော့ဂိမ်းများကစားနိုင်သည့် လောင်းကစားဆိုက်များ၊ ဥပမာ – 1x casino Myanmar သို့မဟုတ် အခြားနာမည်ကြီး လောင်းကစားဆိုက်များတွင် ဤတန်ဖိုး၏ ဆိုလိုရင်းသည် အတူတူပင်ဖြစ်ပါသည်။ ဥပမာအားဖြင့်၊ ၉၆% RTP ဆိုသည်မှာ အလှည့် (Spin) သန်းပေါင်းများစွာကို မြန်မာငွေကျပ် ၁၀၀၀ စီနှင့် ဆော့ကစားမည်ဆိုပါက ကစားသည့်တစ်လျှောက်တွင် တစ်ခါလှည့်လျှင် မြန်မာငွေ ၉၆၀ ကျပ်ကို ကစားသမားဆီသို့ ပျမ်းမျှအနိုင်ရငွေအဖြစ် ပြန်ပေးမည်ဖြစ်ပါသည်။ မြန်မာငွေကျပ် ၄၀ ကိုတော့ ဒိုင်စားပမာဏ (House Edge) အဖြစ် သတ်မှတ်ထားပါမည်။
၎င်းသည် သင်္ချာပုစ္ဆာတစ်ခုလို့ ထင်ရသော်လည်း သင့်က ကြာကြာဆော့ကစားမည်ဆိုပါက RTP သည် အရေးအကြီးဆုံး ကိရိယာတစ်ခုဖြစ်ပါသည်။ ထို့အပြင် RTP ကို သတ်မှတ်ထားသည့်ပုံသည် ရေရှည်ဆော့ကစားသည့်တိုင် ပြောင်းလဲသွားမည်မဟုတ်ပါ။ သင့်အနေနှင့် ညပိုင်းတွင်ဖြစ်စေ မနက်ပိုင်းတွင်ဖြစ်စေ 1xcasino app သို့မဟုတ် ကွန်ပျူတာဒက်စ်စတော့တွင်ဖြစ်စေ ဆော့ကစားသည့်တိုင် နှုန်းထားသည် ပြောင်းလဲမည်မဟုတ်ပါ။ RTP တန်ဖိုးများသည် ဝဘ်ဆိုက်တစ်ခုနှင့်တစ်ခု မတူညီသော်လည်း ဝဘ်ဆိုက်တစ်ခုတည်းတွင်မူ နှုန်းထားသည် အတူတူပင်ဖြစ်ပါသည်။ ထို့ကြောင့် သင့်လောင်းကြေးငွေများကို မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားစေမည့် ဂိမ်းများအစား သင့်ငွေကြေးကို ပိုမိုတိုးပွားလာစေမည့် ဂိမ်းများကို ရွေးချယ်သည့်အခါ ဤတန်ဖိုးသည် ကြီးမားသောအကူအညီဖြစ်စေနိုင်ပါသည်။
စလော့တိုင်းသည် လှည့်သည့်အခါတိုင်း “မျှတစွာအနိုင်ပေးသည်” ဟူသော ယုံတမ်းစကားကို မှားယွင်းကြောင်း RTP က ရှင်းလင်းစွာ ဖော်ပြနေပါသည်- ဆော့ကစားသည့်အခါ အချိန်တိုအတွင်း ကျပန်းနံပါတ်ဖန်တီးထုတ်လုပ်မှုများ (RNG, Random Number Generator) ကြောင့် လောင်းကြေးငွေသည် အတက်အကျမြန်နိုင်သော်လည်း RTP ကို နားလည်ထားပါက ပါးနပ်စွာ ဆော့ကစား နိုင်ပါသည်။
ကစားသမားဆီသို့ ပြန်ပေးငွေ (RTP) ကို ချက်ချင်းလက်ငင်းမရရှိပါ
RTP သည် သင်တစ်ကြိမ်တည်းဆက်တိုက်ကစားသည့်အပေါ် တွက်ချက်မည်မဟုတ်ဘဲ အလှည့်များ သန်းပေါင်းများစွာကစားသည့်အပေါ် ရေရှည်တွက်ချက်၍ ပျမ်းမျှအနေဖြင့် ထင်ဟပ်စေမည်ဖြစ်ပါသည်။ ဂိမ်းဖန်တီးသူများသည် သီအိုရီပိုင်းဆိုင်ရာ RTP ကို သတ်မှတ်ရန် စမ်းသပ်ကစားမှုများ သို့မဟုတ် ဖြစ်နိုင်ချေရှိသော ရလဒ်များကို အသုံးပြုပြီး ကာစီနိုများသည် အစစ်အမှန်ကစားသည့်ဒေတာနှင့် အတည်ပြုပါသည်။ ၉၆% RTP ဆိုသည်မှာ ပြန်ရငွေကို တည်ငြိမ်သည့် နှုန်းထားတစ်ခုဖြင့် ပြန်လည်ရရှိမည်ဟု မဆိုလိုပါ။ ဂိမ်းတစ်ခုစီ၏ ကွဲပြားချက်များနှင့် အနိုင်အရှုံးပမာဏ ကွာခြားခြင်းတို့ကြောင့် စုစုပေါင်းပြန်ရငွေပမာဏသည် ပျမ်းမျှပမာဏနှင့် ကိုက်ညီသည်အထိ ပြန်ရငွေရရှိမှု အတက်အကျဖြစ်နိုင်သည်။
၉၆% RTP သည် မြန်မာငွေကျပ် ၁၀၀၀ ကစားသည့်အလှည့်တိုင်း ၉၆၀ ကျပ် ပြန်လည်ရရှိမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ အကြောင်းရင်းမှာ-
- ၎င်းသည် ကစားသမားတစ်ဦးချင်းစီအတွက် မဟုတ်ဘဲ ကစားသမားအားလုံးအတွက် စုစုပေါင်း တွက်ချက်သည်။ ကစားသမားအားလုံး၏ ရလဒ်များကို အချိန်နှင့်အမျှ ပေါင်းသွားမည်ဖြစ်သည်။ သင်ကစားသည့်အကြိမ်တွင် သင့်ငွေအားလုံးရှုံးပြီး ၀ ကျပ်နှင့် အဆုံးသတ်သွားနိုင်သကဲ့သို့ ဂျက်ပေါ့ငွေအနိုင်ရပြီးလည်း အဆုံးသတ်သွားနိုင်သည်။
- RNG သည် ကစားသည့်အကြိမ်တိုင်းကို သတ်မှတ်ချက်များနှင့် လွတ်ကင်းစေရန် ဆောင်ရွက်ပေးသည်။ ကစားသည့်အလှည့်တိုင်းသည့် ကျပန်းဖြစ်ပြီး ပုံစံကွက်များ သို့မဟုတ် “အနိုင်ရဖို့သေချာသည့်” အလှည့်ဟူ၍ မရှိပါ။
- ရေတိုဆော့ကစားသည့်အခါ သတ်မှတ်ထားသည့် ပမာဏနှင့် မတူညီခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ ကစားသည့်အလှည့်နည်းသည့်အခါ အမှန်တကယ် RTP နှင့် တူညီနိုင်မည်မဟုတ်ပါ။
- များများကစားလေလေ ပြန်ရငွေရနိုင်ခြေ ပိုတိုးလာလေလေပင်ဖြစ်သည်။ အလှည့်ပေါင်း ၄၀၀,၀၀၀ ကစားပြီးပါက ကစားထားသည့် လောင်းကြေးငွေစုစုပေါင်းအတွက် RTP ၏ ၁.၇၅% နှင့်အထက် သို့မဟုတ် ၁.၇၅% အောက် ရရှိထားမည်ဖြစ်ပါသည်။
- အရှုံးခံနိုင်သည့်ပမာဏဖြင့် ရေရှည်ကစားနိုင်ရန် အာရုံစိုက်ပါ။ RTP သည် သင်၏ ငွေကြေးကို ရေရှည်ကစားမှုများအတွက် ကာကွယ်ပေးနိုင်သော်လည်း ရေတိုကစားမှုများအတွက်မူ ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။
၉၂% နှင့် ၉၈% ကို ခွဲခြားသိရှိနိုင်ပါသလား။
ရေရှည်ဆော့ကစားသည့်အခါ RTP များသည့် စလော့များသည် RTP နည်းသည့် စလော့များထက် အနိုင်ရနိုင်ခြေ ပိုများပါသည်။ အဓိကအချက်မှာ RTP များသည့် စလော့များသည် ဒိုင်စားပမာဏကို အနည်းဆုံးလျှော့ထားခြင်းကြောင့် ကစားသည့် ကာလကိုပိုမိုကြာမြင့်စေနိုင်သည်။ လောင်းကြေးလိုအပ်ချက် မြန်မာငွေကျပ် ၅၀၀၀ ဖြင့် ကစားရမည်ဆိုပါက RTP အရ ဒိုင်စားပမာဏသည် သိသိသာသာကွဲပြားခြင်းကြောင့် ဘောနပ်စ်ငွေများဖြင့် ကစားသည့်အခါ သို့မဟုတ် ကစားသည့်အကြိမ်တိုင်းအတွက် အဆိုပါအချက်သည် အရေးကြီးပါသည်။
|
ကစားသမားဆီသို့ ပြန်ပေးငွေ (RTP) |
ဒိုင်စားပမာဏ (House Edge) |
၅၀၀၀ ကျပ် ကစားမည်ဆိုပါက သီအိုရီအရ ဆုံးရှုံးနိုင်မည့်ငွေပမာဏ |
|
၉၂% |
၈% |
၄၀၀ ကျပ် |
|
၉၄% |
၆% |
၃၀၀ ကျပ် |
|
၉၆% |
၄% |
၂၀၀ ကျပ် |
|
၉၈% |
၂% |
၁၀၀ ကျပ် |
RTP နည်းသောဂိမ်းများသည် လောင်းကြေးငွေများကို မြန်မြန်ကုန်စေနိုင်ပါသည် (ဥပမာ ၀ ကျပ်အရှုံးနှင့် ၁၀ ကျပ်အရှုံး)၊ အနိုင်ရသည့်အခါတွင်လည်း အလားတူပင် ရေတိုသဘောမျိုးပင် ခံစားရနိုင်သည်။ RTP သည် ပုံမှန်အားဖြင့် ၉၃% မှ ၉၈% အထိ ရှိတတ်သောကြောင့် ဂိမ်းတစ်ခုကို စတင်ဆော့ကစားဆော့မည်ဆိုပါက ဂိမ်းအချက်အလက်တွေကို အရင်ကြည့်ပါ။ အနိုင်ရနှုန်းပိုများစေဖို့ RTP နှုန်းထား ၉၆% နှင့်အထက်ရှိသည့် ဂိမ်းများကို ရွေးချယ်ဆော့ကစားပါ။ အလှည့်ပေါင်း ထောင်ပေါင်းများစွာ ဆော့ကစားသည့်အခါတွင် အဆိုပါကွာဟချက်သည် သိသာထင်ရှားလာမည်ဖြစ်ပါသည်။ RTP မြင့်သည့် ဂိမ်းများကို ဆော့ကစားခြင်းသည် ငွေကြေးကို ပိုမိုရေရှည်တည်တံ့စေနိုင်မည်ဖြစ်သည်။
ကာစီနိုနှင့် ဂိမ်းထုတ်လုပ်သူများ… သဘောမတူနိုင်သည့်အချက်
ဂိမ်းဖန်တီးသူများအနေဖြင့် စလော့များတွင် ကာစီနိုများ၏ အမြတ်အစွန်းကို ဟန်ချက်ညီအောင် ရွေးချယ်နိုင်စေရန် ဆက်တင်များအဖြစ် RTP ပမာဏအမျိုးမျိုးကို (ဥပမာ ၉၄% သို့မဟုတ် ၉၆%) ပံ့ပိုးပေးဆောင်ထားပါသည်။ သီအိုရီအရ RTP ကို ဆော့ဖ်ဝဲရေးသားသူက သင်္ချာပုံစံများမှတစ်ဆင့် ဖန်တီးပြင်ဆင်ထားသော်လည်း ကာစီနိုများက အတည်ပြုထားသော ကန့်သတ်ချက်များအတွင်း ချိန်ညှိထားပါသည်။ ၎င်းသည် သင့်အနိုင်ရနှုန်းများအပေါ် အမှန်တကယ် သက်ရောက်မှုရှိနိုင်ပါသည်။ လောင်းကစားဆိုက်များတွင် ကြော်ငြာထားသော အများဆုံးပမာဏကို RTP အဖြစ် သတ်မှတ်ပြီး ဆော့ကစားခြင်းမပြုသင့်ဘဲ စလော့ဂိမ်းတိုင်းရှိ အကူအညီဖိုင်း သို့မဟုတ် paytable (အနိုင်ရငွေပြသသည့်ဇယား) ကို ဦးစွာလေ့လာသင့်ပါသည်။
ဥပမာအားဖြင့် ဂိမ်းတစ်ခုသည် ၉၂% မှ ၉၈% အထိ RTP ရှိကြောင်း ဖော်ပြထားပါက ကာစီနိုသည် အမြတ်ကို မြှင့်တင်ရန်အတွက် အနိမ့်ဆုံးပမာဏကို သတ်မှတ်ထားနိုင်သည်။ လောင်းကစားကော်မရှင် (Gambling Commission) ကဲ့သို့ စည်းမျဉ်းကြပ်မတ်ရေးအဖွဲ့များသည် အမှန်တကယ်ရရှိသည့် အနိုင်ရငွေ/ကစားသည့်ပမာဏ နှင့် သီအိုရီပိုင်းအရ အနိုင်ရငွေ/ကစားသည့်ပမာဏကို နှိုင်းယှဉ်ပြီး စောင့်ကြည့်မည်ဖြစ်သည်။ ဤသို့မတူကွဲပြားမှုသည် ကစားသမားရေရှည်ကစားသည့်အခါ ပေါ်လွင်လာနိုင်ပြီး ငွေပြန်ပေးနှုန်းနည်းသည့် ဂိမ်းများကို ရှောင်ရှားရန်အတည်ပြုသွားမည် ဖြစ်ပါသည်။
ငွေပြန်ပေးနှုန်းမြင့်မားကြောင်း ဖော်ပြထားသော်လည်း အတက်အကျအလွန်မြင့်မားသည့် ဂိမ်းများကို သတိထားပါ
စလော့တစ်ခုသည် RTP များကြောင်းကို ဖော်ပြထားသည့်တိုင် အတက်အကျ မြန်လွန်းမည်ဆိုပါက ကစားရခက်ခဲနိုင်ပါသည်။ ဆိုလိုသည်မှာ အနိုင်ရသည့်အလှည့်သည် အလွန်ရှားပါးသော်လည်း အနိုင်ရငွေအလွန်များခြင်းကို ဆိုလိုသည်။ ထိုသို့သောဂိမ်းများသည့် ရှုံးသည့်အလှည့်များ ရှည်ကြာလာသည့်အခါ လောင်းကြေးငွေ ကုန်ဆုံးသွားသည်အထိ ရှုံးနိမ့်သွားနိုင်ပါသည်။ အတက်အကျနှုန်း (Volatility) သည် အနိုင်ရငွေပေးသည့် ပမာဏကွဲပြားမှုကို ချိန်ညှိပေးသည်။ အတက်အကျမြန်ခြင်း ဆိုသည်မှာ ငွေကြေးပြောင်းလဲမှုမြင့်မားခြင်း (အနိုင်ရနိုင်ခြေ နည်းသော်လည်း ပမာဏများခြင်း) ဖြစ်ပြီး အတက်အကျနှေးခြင်း ဆိုသည်မှာ အနိုင်ရငွေ အနည်းငယ်စီကို ပုံမှန်အနိုင်ရခြင်း ဖြစ်သည်။
ညီမျှမှုအပေါ် ရှင်းပြထားသည်မှာ-
- မြင့်မားသော RTP + မြင့်မားသော အတက်အကျနှုန်း တွင် ဂျက်ပေါ့များပေါက်ဖို့ စောင့်ဆိုင်း၍ အချိန်အကြာကြီးဆော့ရမည်ဖြစ်ပြီး RTP သည် ကာလရှည်ဆော့ကစားသည့်အခါတွင် ပေါ်လွင်လာမည်ဖြစ်သော်လည်း တစ်ကြိမ်စာဆော့ကစားမှုများတွင် အခက်အခဲများဖြစ်နိုင်ပါသည်။
- မြင့်မားသော RTP + နိမ့်ပါးသော အတက်အကျနှုန်း တွင် ပုံမှန်အနိုင်ရနိုင်ခြေရှိသောကြောင့် သင့်အနေနှင့် အချိန်ကြာမြင့်စွာဆော့ကစားနိုင်ပြီး လောင်းကြေးငွေ ရေရှည်တည်တံ့ဖို့အတွက် အကောင်းဆုံးဖြစ်ပါသည်။
- နည်းပါးသော RTP သည် အရှုံးဒဏ်ကို ပိုမိုတိုးမြင့်စေနိုင်သည်။ အတက်အကျနှုန်း မြင့်မားသည့်အခါ အရှုံးပွဲများဆက်လာပါက ငွေမြန်မြန်ကုန်သွားစေနိုင်ပါသည်။
ကစားသည့်အလှည့်ပေါင်း လုံလောက်မှုမရှိပါက (ဥပမာ- အနည်းဆုံး ၃၀၀ လှည့်) ၉၈% RTP ပင်လျှင် ထိုသို့သော အတက်အကျဒဏ်မှ သင့်ကိုကူညီကာကွယ်ပေးနိုင်မည် မဟုတ်ပါ။ သက်တောင့်သက်သာဖြင့် ခံစားဆော့ကစားနိုင်စေရန် ကစားသမားဆီသို့ ပြန်ပေးငွေ မြင့်မားပြီး အတက်အကျနှုန်း နိမ့်ပါးသော ဂိမ်းများကို ရှာဖွေဆော့ကစားသင့်ပါသည်။
ပါးနပ်စွာလောင်းကစားခြင်း- အဓိကနံပါတ်များ
RTP က သင့်အတွက် အကောင်းဆုံး အကာအကွယ်တစ်ခုဖြစ်ပါသည်။ သို့သော်လည်း ၎င်းကို အမြော်အမြင်ရှိစွာ အသုံးချသင့်ပါသည်။ သန်းပေါင်းများစွာသော ကစားသည့်အလှည့်များရှိလာမှသာ သင့်ရဲ့အမှန်တကယ် အနိုင်ရနိုင်ခြေကို ပေါ်လွင်လာစေမည်ဖြစ်ပြီး တစ်ကြိမ်တည်းကစားမှုများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ပါ။ သင့်ဂိမ်းကစားခြင်းအတွေ့အကြုံတွင် အကောင်းဆုံးများကို ခံစားဆော့ကစားနိုင်စေရန် နှုန်းထား ၉၆% နှင့်အထက်ရှိသည့် ဂိမ်းများကိုသာ ဆော့ကစားသင့်ပါသည်။ RTP သတ်မှတ်ချက်များကို ကြည့်ပြီး အတက်အကျနှုန်းများကို ကြားခံကာကွယ်ရေးအဖြစ် အသုံးချသင့်ပါသည်။
၎င်းသည် လုံးဝအနိုင်ရလိမ့်မည်ဟု အာမခံထားခြင်းမရှိသော်လည်း RTP များကိုကြည့်၍ အမြော်အမြင်ရှိစွာ ဆော့ကစားခြင်းသည် ဂိမ်းကစားသည့်ကာလကို တိုးမြှင့်နိုင်ပြီး သင့်ငွေကြေးကို ကောင်းကောင်းအသုံးချစေနိုင်ပါသည်။

